Supreme’s 18th Annual Blood Donation Drive

On 2nd September 2020, the Supreme Family held their 18th Annual Blood Donation Drive at the National Blood Bank and No. (2) Military Hospital in Yangon.

With more than 100 blood donors coming together for this event, preventive measures for COVID-19 were carefully followed.

Personal Protective Equipments (PPEs), surgical masks worth 1 million MMK and a cash donation of 300,000 MMK were also contributed to the organizations. 

With this round of blood donations, nearly 4000 blood bags have been donated in total. This meaningful occasion also coincides with the birthday of Supreme Group’s Chairman and Founder, U Sein Myint.  

၂၀၂၀ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် စူပရင်းမိသားစု၏ (၁၈) ကြိမ်မြောက် စုပေါင်း သွေးလှူဒါန်းပွဲကို ရန်ကုန်မြို့ အမျိုးသားသွေးလှူဘဏ်နှင့် တပ်မတော်ဆေးရုံတွင်ကျင်းပခဲ့ပါသည်။ ဤအစီအစဉ်အတွက်သွေးလှူရှင်ပေါင်း (၁၀၀)ကျော်မှ စုပေါင်းလှူဒါန်းခဲ့ပြီး COVID-19 ကာကွယ်လမ်းညွှန်ချက်များနှင့်အညီ ဂရုတစိုက်ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် စူပရင်းမိသားစုမှ တပ်မတော်ဆေးရုံကြီးသို့ ငွေကျပ် ၁၀သိန်းတန်ဖိုးရှိ တစ်ကိုယ်ရေသုံးကာကွယ်ရေး ဝတ်စုံများ၊ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းများနှင့် အမျိုးသားသွေးလှူဘဏ်သို့ ငွေကျပ် ၃သိန်းတို့ကို ပေးအပ်လှူဒါန်းခဲ့ပါသည်။  

ယခုအကြိမ်သွေးလှူဒါန်းမှုနှင့်အတူ စုစုပေါင်းသွေးအိတ် (၄၀၀၀) နီးပါးလှူဒါန်းနိုင်ခဲ့ပါသည်။ ဤအခမ်းအနားသည် စူပရင်းအုပ်စု၏ဥက္ကဌနှင့်တည်ထောင်သူ ဦး စိန်မြင့်၏မွေးနေ့နှင့်လည်းတိုက်ဆိုင်ခဲ့ပါသည်။