Professor Dr. Sein Myint from Myanmar Elected as First Vice President of ASEAN Academy of Engineering and Technology (AAET)

During the webinar held on 20th June 2020 for the Annual General Meeting (AGM) of the ASEAN Academy of Engineering and Technology (AAET), respected engineers from the ASEAN member countries elected Professor Dr. Sein Myint as the First Vice President.

AAET was founded by the 10 ASEAN countries in 2004, and it is formed with ASEAN’s best engineers, technical experts and government officials with the purpose of supporting economic development and stability in the region. Currently collaborating with ASEAN government bodies, international engineering associations and commerce/industrial associations, AAET is actively working towards socio-economic development, improving ASEAN’s international competency as well as science/technology and inventions.

AAET’s First Vice President, Professor Dr. Sein Myint, has also been President of the ASEAN Federation of Engineering Organizations (AFEO) and Chairman of the Myanmar Engineering Society (MES). Currently, he is acting as a patron of the Myanmar Engineering Council (MEC) and the past president of MES, continuing to contribute towards the engineering sector in ASEAN and Myanmar.

Professor Dr. Sein Myint is also the Founder and Chairman of Supreme Group of Companies.

ယနေ့ ၂၀၂၀ခုနှစ် ဇွန်လ ၂၀ရက် ၌ Webinar ဖြင့်ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံအင်ဂျင်နီယာနှင့်နည်းပညာအသင်းကြီး ASEAN Academy of Engineering and Technology (AAET) ၏ အထွေထွေညီလာခံတွင်အာဆီယံနိူင်ငံအသီးသီးမှထိပ်တန်းအင်ဂျင်နီယံများမှမဲပေးရွေးချယ်ရာတွင်မြန်မာနိူင်ငံမှပါမောက္ခဒေါက်တာစိန်မြင့်မှဒုဥက္ကဌ ၁ အဖြစ်ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရခြင်းဖြစ်သည်။

AAET သည် အာဆီယံနိုင်ငံ၁၀နိူင်ငံမှ၂၀၀၄ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီးအာဆီယံဒေသ၏စီးပွါးရေးရာဆိုင်ရာတိုးတက်မြင့်မားရေးနှင့်တည်ငြိမ်မှုရှိစေရန်ထောက်ကူပံ့ပိုးနိူင်စေရေးအတွက်အာဆီယံ၏ထူးချွန်ထင်ရှားသည့်အင်ဂျင်နီယာကြီးများ၊နည်းပညာထိပ်တန်းပုဂ္ဂိုလ်များ၊အစိုးရအရာရှိကြီးများနှင့်ဖွဲ့စည်းတည်ထောင်ထားသည့်အဖွဲ့အစည်းကြီးဖြစ်ပြီးအာဆီယံနိူင်ငံအစိုးရများ၊နိူင်ငံတကာ၏အင်ဂျင်နီယာအသင်းများ၊ကုန်သည်/စက်မှုအသင်းများနှင့်လက်တွဲလျက်လူမှုစီးပွါးဖွံ့ဖြိုးတိုးတက်စေရေး၊အာဆီယံနိူင်ငံများ၏နိူင်ငံတကာတွင်ယှဉ်ပြိုင်နိူင်မှုစွမ်းရည်မြင့်မားလာစေရေး၊ သိပ္ပံ/နည်းပညာနှင့်တီထွင်ဖန်တီးမှုမြင့်မားစေရေးတို့အတွက်တက်ကြွစွာဆောင်ရွက်လျက်ရှိပါသည်။

AAET ၏ဒုဥက္ကဌ ၁ ပါမောက္ခဒေါက်တာစိန်မြင့်သည် အာဆီယံအင်ဂျင်နီယာအသင်းချုပ်ကြီး၏ဥက္ကဌအဖြစ်လည်းကောင်း၊ မြန်မာနိူင်ငံအင်ဂျင်နီယာအသင်းကြီး၏ဥက္ကဌအဖြစ်လည်းကောင်းတာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ မြန်မာနိူင်ငံအင်ဂျင်နီယာကောင်စီ၏နာယက၊ မြန်မာနိူင်ငံအင်ဂျင်နီယာအသင်းချုပ်၏ Past President အဖြစ်တာဝန်ယူထမ်းဆောင်လျှက်ရှိကာအာဆီယံနှင့်မြန်မာအင်ဂျင်နီယာကဏ္ဌတိုးတက်မြင့်မားစေရေးအတွက်ဆက်လက်ကြိုးစားဦးဆောင်မှုပေးလျှက်ရှိကြောင်းသိရှိရပါသည်။

ပါမောက္ခဒေါက်တာစိန်မြင့်သည်စူပရင်းကုမ္ပဏီများ၏တည်ထောင်သူနှင့်ဥက္ကဌလည်းဖြစ်ပါသည်။