

This years Moekya Kahtein donations were adapted to fit with COVID-19 regulations and coordinated to ensure everyone stayed safe.
To ensure donations reached monasteries without adding risk, five monasteries in Thaketa, East Dagon, North Okkalapa, Insein and Shwepyithar, collected donations to be shared across 42 monasteries from 15 different townships in Yangon. Each monastery received over 20 different essential items including Kahtein robes, umbrellas, shoes, handheld fans, rice, oil and medicine.
Kahtein is an annual donation made to express gratitude to the monks for staying the entire three-month lent period at their monasteries in meditation and observing lent disciplines. Supreme Group first started our annual Moekya Kahtein donations after Nargis 2008 and have to date donated to over 600 monasteries.


ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ သာကေတ၊ အရှေ့ဒဂုံ၊မြောက်ဥက္ကလာပ၊အင်းစိန်၊ရွှေပြည်သာတို့ရှိစုရပ် ကျောင်းတိုက် (၅)နေရာတွင် မြို့နယ်ပေါင်း(၁၅)မြို့နယ်မှကထိန်မရရှိသည့်ကျောင်းတိုက်ပေါင်း (၄၂)ကျောင်းအားသင်္ကန်း၊ထီး၊ဖိနပ်၊ယပ်တောင်၊သပိတ်ပရိက္ခရာများနှင့် ၅ဆင့်ချိုင့်၊ဓါတ်ဗူး၊ဆန်၊ဆီ၊ဆေး၊နဝကမ္မခရီးစရိတ်များအပါအဝင်လှူဖွယ်ဝတ္တုအမျိုးပေါင်း(၂၀) ကျော်ခန့် စီကိုကျောင်းတိုက်အလိုက်နိုဝင်ဘာလ ၂၉ ရက်နေ့တွင်မိုးကျကထိန်ကို စီစဉ်ရေစက်ချလှူဒါန်းခဲ့ပါကြောင်းဝမ်းမြောက်နုမော်သာဓုခေါ်ဆိုနိုင်ကြပါရန်တင်ပြမျှဝေအပ်ပါသည်။
စူပရင်းကုမ္ပဏီမိသားစုသည် ၂၀၀၈ခုနှစ် နာဂစ်ဖြစ်ချိန်မှယခုနှစ်အထိ(၁၃)ကြိမ်ဆက်တိုက်မိုးကျကထိန်ကိုစေတနာသုံးတန်ဖြင့်လှူဒါန်းခဲ့ရာကျောင်းတိုက်ပေါင်း(၆၀၀)ကျော်အတွက်လှူဒါန်းကုသိုလ်ပြုခဲ့ပြီးဖြစ်ပါသည်။