

This is the 100-ton truck scale for an animal feed mill factory at Bago Industrial Zone, Myanmar. It is the 8th Mettler Toledo truck scale the SUPREME Mettler Toledo service team installed and calibrated in Myanmar according to the guidelines of the National Institute of Standards and Technology (NIST) Handbook 44 and International Organisation of Legal Metrology (OIML) R-76 standard.
This scale uses an analog type load cell and it is the 1st analog type scale the SUPREME MT service team installed in Myanmar. Even though its reliability in calibration in response to natural disasters such as extreme temperatures, floods, lightning, damage done by animals, rusting, radio wave disturbance is incomparable to PDX PowerCell, its weighing accuracy is very close to PDX.
The installation and calibration time frame in the Industrial Zone took several days due to the obstacles with the COVID-19 invasion in Myanmar. Finally, the project was successfully accomplished on the 9th of April 2020 before the long Water festival holidays.


ဤ တန်၁၀၀ ကတ္တားမှာ ပဲခူးမြို့မြို့ရှောင်လမ်း အနီးမှ ဝင်ရောက်ရသည့် စက်မှုဇုံအတွင်းရှိ အစာစက်ရုံတရုံ အတွက် မြန်မာနိုင်ငံတွင် နိုင်ငံတကာ စံနှုန်းနှင့် အညီ စူပရင်း မက်တလာတိုလီဒိုး ဝန်ဆောင်မှုအဖွဲ့ကတပ်ဆင် ချိန်ညှိပေးသည့် မက်တလာတိုလီးဒိုး အမှတ်တံဆိပ် ရှစ်စီးမြောက်သော ကားကတ္တား ဖြစ်ပါသည်။
ဤကတ္တားတွင်သုံးစွဲထားသော Load Cell မှာ Analog type ဖြစ်ပြီး စူပရင်းမက်တလာတိုလီဒိုးအဖွဲ့ အနေဖြင့် မြန်မာပြည်အတွက် ပဌမဦးဆုံး တပ်ဆင်ပေးရသည့် Analog load cell ဖြစ်ပါသည်။ PDX PowerCell ကဲ့သို့ သဘာဝဘေးဒဏ်များဖြစ်သည့် အပူလွန် အအေးလွန်မှုများ၊ ရေကြီးခြင်း၊ မိုးကြိုးပစ်ခြင်း၊ ကိုက်တတ်သော သတ္တဝါများ၏ ဖျက်စီးခြင်း၊ သံချေးတက်ခြင်း၊ ရေဒီယိုလှိုင်းများ နှောက်ယှက်မှုများကြောင့် ချိန်တွယ်မှု မှားယွင်းခြင်းတို့ကို ခံနိုင်ရည်ရှိခြင်း စသည်တို့မှာ မနှိုင်းယှဥ် နိုင်သော်လည်း၊ တိကျမှန်ကန်မှုမှာ PDX PowerCell နီးပါး ကောင်းမွန်သည်ကို တွေ့ရှိရပါသည်။
ဤကတ္တားတပ်ဆင်မှု နှင့် ချိန်ညှိမှုတို့သည် မြန်မာပြည်တွင် COVID 19 ဝင်ရောက်လာသည့် အချိန်နှင့် တိုက်ဆိုင်နေသဖြင့် ကြုံတွေ့ရသည့်အခက်အခဲများကြောင့် စက်မှုဇုံ အတွင်း ရက်အတော်ကြာအချိန်ပေး၍ တပ်ဆင်ခဲ့ကြရပါသည်။ လုပ်ငန်းအဝဝကို သကြ်န်မတိုင်မီ ၂၀၂၀ခုနှစ် ဧပြီလ၉ရက်နေ့တွင် ပြီးမြောက် အောင်မြင်စွာ လုပ်ကိုင်နိုင်ခဲ့ ပါသည်။