ဧရာဝတီတိုင်း ရွှေသောင်ယံမြို့နယ်အတွင်း မီးလောင်ဒဏ်ခံ မိသားစုများအား Supreme Group of Companies မှ အလှူငွေများပေးအပ်ခြင်း

၂၀၁၈ခုနှစ် မေလ ၂၄ ရက်နေ့ ည (၉) နာရီခန့်တွင် ဧရာဝတီတိုင်း ရွှေသောင်ယံမြို့နယ် အမှတ်(၂) ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးလောင်ကျွမ်းခဲ့သော  နေအိမ် (၄) လုံး နှင့် အုပ်ချုပ်ရေးရုံး တို့အတွက် Supreme Group of Companies မှ (၅.၆.၂၀၁၈) ရက်နေ့တွင် အိမ်ထောင်စု တစ်စုလျှင် နှစ်သိန်းကျပ်စီကို Company ၏  တာဝန်ခံမှ ပေးအပ်လှူဒါန်းခဲ့ပါသည်။