ဧရာဝတီတိုင်း ၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့နယ် ၊ မီးလောင်ဂျိုင်ကျေးရွာတွင် ရှင်ပြု ၊ အသံမစဲ မဟာပဌာန်းပွဲ နှင့် ဇာတ်သဘင်ပွဲအား ကျင်းပပြုလုပ်ပေးခဲ့ခြင်း

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့နယ် ၊ မီးလောင်ဂျိုင်ကျေးရွာတွင် Supreme Group of Companies , Zhefu Group Companies နှင့် Huadian Corporation တို့မှ ဦးဆောင်ပြီး Myanmar LNG CCPP Project Area အတွင်း မီးလောင်ဂျိုင်ကျေးရွာတွင် ရှင်ပြု ၊ အသံမစဲ မဟာပဌာန်းပွဲ နှင့် ဇာတ်သဘင်ပွဲကို နှစ်ညတိုင်တိုင် ပြုလုပ်ပေးခဲ့ပြီး မီးလောင်ဂျိုင်ကျေးရွာ ၊ ဂျိတ်လတ်ကျေးရွာ ၊ ဘောမိကျေးရွာ ၊ ကျွန်းချောင်းကျေးရွာ ၊ သဘော့ကန်ကျေးရွာ ၊ ရွှေသောင်ယံကျေးရွာ မှ ကျေးရွာသူ ၊ ကျေးရွာသားများသည် ၂၀၁၈ ခုနှစ် ၊ မတ်လ (၂၈) ရက် မှ ( ၃၀) ရက်နေ့အထိအတူတကွ လာရောက် ပူးပေါင်းပျော်ရွင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။